စတေတမ် အရေပြားမှိုကို နှိမ်နှင်းပေးသည်။

Banner Images

စတေတမ်အကြောင်း

စတေတမ်သည် အစွမ်းထက်အရေပြားမှိုသတ်လိမ်းဆေးဖြစ်ပြီး ပွေး၊ သဲဝဲ၊ ညှင်းကဲ့သို့သော အရေပြားမှိုဝင်ခြင်းများကို ပျောက်ကင်းစေပါသည်။

ခြေသဲဝဲစားခြင်း

ပေါင်ခြံနာ

ပွေး

တစေးပိုးဝင်ခြင်း

ညှင်း

စတေတမ်မှာ ဘာပါဝင်သလဲ

Statum contain

စတေတမ်က မှိုပိုးကိုဘယ်လိုသက်ရောက်စေလဲ

ကလိုထရိုင်မာဇိုးသည် မှိုသတ်ဆေးဖြစ်ပါသည်။ မှိုပိုးများကိုသေစေခြင်း သို့မဟုတ် ပေါက်ဖွါးနှုန်းကိုလျှော့ချခြင်းဖြင့် မှိုကိုတားဆီးပေးပါသည်။ မှိုပိုးများ၏ ဆဲလ်အပြင်နံရံကိုသက်ရောက်ခြင်းဖြင့် အားပျော့သွားအောင်လုပ်ပေးသည်။ 

ဤနည်းလမ်းဖြင့် မှိုပိုးများကို ခန္ဓာကိုယ်မှရှင်းထုတ်ပေးသည်။

စတေတမ်ကို ဘယ်လိုလိမ်းရမလဲ

သန့်ရှင်းခြောက်သွေ့သော အရေပြားပေါ်တွင် လိမ်းနိုင်ပါသည်။ခြေချောင်းလေးများတွင် လိမ်းရပါက ခြေချောင်းကြားသို့ဆေးဝင်စေရန် သတိပြုပေးပါ။

စတေတမ်ခရင်မ်ကို ညှင်သာစွာပွတ်လိမ်းပေးပါ။

တစ်နေ့လျှင်၂-၃ကြိမ်ခန့် လိမ်းပါက ၂ပတ်မှ ၄ပတ်အတွင်း ရလာဒ်သိသာပါမည်။

Statum contain

မှိုရောဂါဆိုတာဘာလဲ မှိုများသည် နေရာအနှံ့တွင်ရှိနေပြီး လေထဲ ရေထဲ မြေကြီးထဲသာမက မိမိကိုယ်ခန္ဓာတွင်ပါ နေထိုင်နိုင်ပါသည်။ သာမာန်အားဖြင့် အန္တရာယ်မရှိသော်လည်း အလွန်အကျွံပေါက်ဖွားလာပါက မှိုရောဂါအဖြစ်ပြောင်းလဲနိုင်ပါသည်။

အရေပြားမှို ဘယ်လိုကူးစက်ခံရတတ်သလဲ မှိုပိုးများသည် ကူးစက်လွယ်ပါသည်။ အရေပြားအထိအတွေ့၊ အသုံးအဆောင်များမျှဝေခြင်းနှင့် မှိုပိုးရှိသောနေရာကို ထိမိခြင်းများမှကူးစက်နိုင်ပါသည်။

အရေပြားမှိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ

ကုတ်ဖဲ့ခြင်းကိုရှောင်ပါ။ ပိုးများပိုပျံ့စေပါသည်။
သန့်ရှင်းခြောက်သွေ့စွာထားပါ။ မှိုပိုးထိထားသော အရေပြားကို သန့်ရှင်းအောင်ဂရုစိုက်ပါ။
မျက်နှာသုတ်ပုဝါ၊ ဖျာ၊ စသော တစ်ကိုယ်ရေသုံးပစ္စည်းများကို သူများနှင့် မမျှပါနှင့်။
ဖြစ်ပွါးသောနေရာကို ကိုင်ပြီးတိုင်းလက်ဆေးပါ။
မှိုပိုးဖြစ်ပွါးသောအရေပြားကို သုတ်ရန် ပုဝါသီးသန့်ထားပါ။
လူထူထပ်သောနေရာသို့သွားပါက သန့်ရှင်းရေးအထူးဂရုပြုပါ။